ခံစားမှုများကို သဲသောင်ပြင်တွင် ရေးသားဖူးသည်
စိမ်ခေါ်မှုများကို မှတ်ကျောက်တင်ဖူးသည်.
ရိုးသားမှုနှင့် လမ်းခွဲဖူးသည်.
နာကျည်းမှုနှင့် ကခုန်ဖူးသည်.
အချစ်ကြီးမှုသည် အမုန်းကြီးသည်ဟု ကြားသော်လည်း….
ကျွန်တော်သည် သူများ၏ ရင်ခုန်မှုသံစဉ်ကို မျှော်လင့်ဖူးသည်…
ဖြူစင်စွာ ရီမောဖူးသည်
ကလေးဆန်စွာ ငိုကြွေးဖူးသည်
နာရီ..နေရက်များကို ရိုက်ချိုးဖူးသည်
အချိန်..စက္ကန့်များကို ၀ါးမျိုဖူးသည်
ပျောက်ဆုံးသွားသော အရာများကို ရှာဖွေဖူးသည်
ကျိုးကြေသွားသော အရာများကို ပြန်ဆက်ဖူးသည်
တကယ်တော့….
ကျွန်တော်သည် လူတစ်ယောက်သာ ဖြစ်ပါတော့သည် ။

No comments:
Post a Comment