ပါဝါရိန်းဂျား မြင်းချေးရောင်နှင့် ပါဝါရိန်းဂျား ဗေဒါရောင်တို့သည် မိုနာလီဇာ၏ ဆေးဘက်ဝင်ဘရာကို ခိုးရန်ဆွေးနွေးနေကြသည်။ အဘယ်ကြောင့်ဆိုသော် မိုနာလီဇာ၏ ဆေးဘက်ဝင်ဘရာကို ပါဝါရိန်းဂျားတို့၏ စက်လက်နက်ကြီးတို့နှင့် ဆက်ပစ်လျှင် ပြင်းထန်သော ပါဝါကို ဖြစ်စေကာ ပိုမိုကောင်းမွန်စေသောကြောင့် ဖြစ်သည်။
၎င်း မိုနာလီဇာ၏ ဆေးဘက်ဝင်ဘရာကို စပိုင်ဒါ-မန်းကလည်း ခိုးရန်တစ်ကိုယ်တည်း ကြံစည်နေပြန်သည်။ ထိုစပိုင်ဒါ-မန်းမှာလည်း ၄င်း၏ ပင့်ကူချည်မျှင်များ ကုန်ခန်းလျှက်ရှိရာ ထိုစပိုင်ဒါ-မန်း၏ အဖိုးမှာကြားခဲ့သည့်အတိုင်း မိုနာလီဇာ၏ ဘရာကို ခိုး၊ ပြာချကာ သူ၏မျက်နှာ၌ သုတ်လိမ်းလျှင် ထိုပင့်ကူချည်မျှင်များ တစ်ဖန်ပြန်လည်များပြားလာနိုင်သည်ဟု သိရှိလေ့လာထားသောကြောင့် ဒီမိုနာလီဇာ၏ ဆေးဘက်ဝင်ဘရာကို ရရှိရန် စပိုင်ဒါမန်းကလည်း ကြံ၏။
ယင်းအခိုက်၌ ဟယ်ရီပေါ်တာတစ်ယောက်မှာမူ သူ၏ကောင်မလေးဂျင်နီနှင့် အခြားတစ်နေရာ၌ စကားပြောနေ၏။ မိုနာလီဇာသည် သူမပန်းချီဆွဲခံခဲ့စဉ်အခါက အတွင်း၌ ဟယ်ရီပေါ်တာ၏အဖွားရဲ့ဆေးဘက်ဝင်ဘရာကို ဝတ်ဆင်ကာပန်းချီအဆွဲခံခဲ့ခြင်း ဖြစ်သည်။ ယခုအခါမှာမူ ဟယ်ရီပေါ်တာတစ်ယောက် ဂျင်နီ၏မွေးနေ့ အမှတ်တရလက်ဆောင်အလို့ဌာ သူ့အဖွား၏ ဆေးဘက်ဝင်ဘရာကို သူမအားလက်ဆောင်အဖြစ်ပေးချင်သည်။ ထို့ကြောင့် ဟယ်ရီပေါ်တာတစ်ယောက် မိုနာလီဇာပန်းချီကားကို ခိုးရန် တစ်ဖန်ထွက်ခဲ့ပြန်သည်။
ဟယ်ရီပေါ်တာတစ်ယောက် ပန်းချီကားရှေ့အရောက် ဆေးဘက်ဝင်ဘရာကို ခိုးရန်အလို့ဌာ သူ၏မှော်တုတ်တံကို ဝှေ့ရမ်းကာ မိုနာလီဇာကို အသက်သွင်းကာ ပန်းချီကားထဲမှ ဆွဲထုတ်လိုက်သည်။ ထိုအခိုက် ဆေးဘက်ဝင်ဘရာထံကို ဟယ်ရီပေါ်တာနှင့် အကြံတူတူခိုးရန်လာသော ပါဝါရိန်းဂျားနှစ်ကောင်နှင့်တွေ့သည်။ ပါဝါရိန်းဂျားနှစ်ကောင်က ဝင်ရောက်တားသောကြောင့် ဟယ်ရီပေါ်တာတစ်ယောက် ပါဝါရိန်းဂျားတစ်ကောင်ကို ဆံပင်ဆွဲပြီး ပါးရိုက်ချလိုက်သည်။ ထိုအခါ ပါးချခံရလိုက်သော ပါဝါရိန်းဂျားကို ကျန်တစ်ကောင်က ဝင်ရောင်ဖေးမကာ နေသည်။
ယင်းသခိုက် ခိုးဖို့ကြံနေသော စပိုင်ဒါ-မန်းနှင့် ဟယ်ရီပေါ်တာနှင့်တွေ့ကာ ဖိုက်ကြပြန်သည်။ တို့လိုက်၊ ဆွဲလိုက်နှင့် ထိုနှစ်ယောက်သည် အတော်ကြာ ဖိုက်ကြပြီးနောက် ဟယ်ရီပေါ်တာတစ်ယောက် ပျင်းရိလာကာ သူ၏အကြီးမားဆုံးပါဝါကို သုံးရန်ပြင်ဆင်သည်။ ယင်းနောက် ဟယ်ရီပေါ်တာသည် စပိုင်ဒါ-မန်းအနားသို့ လျှောက်သွားကာ သူ၏မှော်တုတ်တံဖြင့် စပိုင်ဒါ-မန်းကို ခေါင်းခေါက်လိုက်သည်။ ထိုအခါ စပိုင်ဒါ-မန်းကြီး ငိုပြီး အိမ်ပြန်သွားသည်။
ထို့နောက် ပါဝါရိန်းဂျားများပြန်လည်ဖိုက်ကြရန် ပြင်ဆင်သည်ကို ဟယ်ရီပေါ်တာတစ်ယောက်မြင်သော် မှော်တုတ်တံဖြင့် ကျိန်စာတို့ကို တရစပ်ပစ်သည်။ ပါဝါရန်းဂျားနှစ်ကောင် လဲကျပြန်သည်။ ပါဝါရိန်းဂျားတို့သည် အပျင်းထူကာ ပြန်မထတော့ပဲ စက်ရုပ်ကြီးကို ခေါ်လိုက်သည်။ စက်ရုပ်ကြီးဝင်ရောက်လာပါပြီ။
ဟယ်ရီပေါ်တာတစ်ယောက် စက်ရုပ်ကြီးကို ခေါ်ရကောင်းမလားဆိုပြီး အောက်၌လဲနေသော ပါဝါရိန်းဂျားတို့ကို တရစပ် ကျိန်စာတို့ဖြင့် ပစ်သည်ကို ပါဝါရိန်းဂျားတို့က ဒိုင်းနှင့်ကာလိုက်သောအခါ ကျိန်စာပြန်ကန်ထွက်သွားပြီး လှမ်းလျှောက်ကာဝင်လာသော စက်ရုပ်ကြီးကို ထိမှန်သွားသည်။ ထိုအခါ စက်ရုပ်ကြီးတစ်ယောက် စက်ချို့ယွင်းကာ အောက်၌ လဲနေသော ပါဝါရန်းဂျားတို့ကို တက်နင်းကာသွားသည်။ ထို့နောက် ၄င်းသည်ဟယ်ရီပေါ်တာကို တွေ့သည်။ ဟယ်ရီပေါ်တာကိုပါ တက်နင်းပစ်လိုက်သည်။
မိုနာလီဇာတစ်ယောက်သာ ၄င်း၏မြင်ကွင်းထဲ၌ ကျန်သောအခါ စက်ချို့ယွင်းနေသော စက်ရုပ်ကြီးသည် သူမကို အလွန်နှစ်သက်လှသောကြောင့် သူမကိုခေါ်ဆောင်သွားသည်။ လမ်း၌ ပြားနေသော ဟယ်ရီပေါ်တာနားရောက်သော် ဟယ်ရီပေါ်တာဘေးရှိ မှော်တုတ်တံနှင့် သွားကြားထိုးချင်လှသောကြောင့် သွားကြားထိုးသော် ကျိန်စာကိုယ့်ကိုကိုယ်ပြန်သင့်ပြီး ပန်းချီကားထဲသို့ မိုနာလီဇာနှင့်အတူ ပြန်ဝင်သွားခဲ့သည်။
ယခုအခါ ထိုမိုနာလီဇာပန်းချီကားကို သင်သွားရောက်လေ့လာသော် မိုနာလီဇာကိုသာမက ထိုစက်ရုပ်ကြီးကိုပါ မြင်တွေ့ရမှာ ဖြစ်ပါပေတော့သည်။
No comments:
Post a Comment