Monday, February 27, 2012

လူလေးယောက် နှင့် ရေခဲတုံး လေးတုံး by Hein Sone





တခါက ဆရာကြီး တယောက်ဆီမှာ တပည့် ၄ယောက်စီရှိသတဲ့။ တရက်မှာ ဆရာကြီးက တပည့် ၄ယောက်ကို ခေါ်ပြီး ပြောသတဲ့။ "တပည့်တို ..... ငါ မင်းတို့ ကို ဒီနေ့ ကိတ်စ ၁ခုလုပ်ခိုင်းမယ်။ မင်းတို တယောက်စီကို ရေခဲတုန်း ၁တုန်းစီ ပေးလိုက်မယ်။ အဲဒီရေခဲတုန်းနဲ မင်းတို့ ဘ၀ အဓိပါယ်ကို ပုံဖော်ကြ " ဆိုပြီးတော့ ခိုင်းလိုက်သတဲ့။ 



ပထမတယောက်က ရေခဲတုန်းကြီးကို ကြည့်ပြီး ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေတုန်းမှာ ရေခဲတုန်းက အရေပျော်သွားပြီး မြေကြီးပေါ်ကျကာ ကုန်သွားသတဲ့။

ဒုတိယ တပည့်ကြတော့ ရေခဲတုန်းကို ရရခြင်းမှာပဲ နည်းနည်းစဉ်းစားလိုက် ပုံဖော်လိုက် လုပ်ပါလေရော။ ဒါပေမယ့် မှားသွားလို့ ပြန်ပြင်လိုက် စဉ်းစားလိုက် နဲ့ ပုံလည်းပြီးသွားရော သူဟာသူတောင် ကောင်းကောင်းမကြည့်သေးပဲ ရေခဲတုံးက အရေပျော်သွားပါလေရော။ 

တတိယ တယောက်ကြတော့ သူ့ ရဲ့ ရေခဲတုန်းကို နေရိပ်အောက် အေးပြီး အရေမပျော်နိုင်မယ့် နေရာမှာ ထားပြီး ပုံဖော်တယ်။ သူများထက်ပိုပြီး အကွက်ချတော့ သူ့ ရေခဲတုန်းက ပုံပေါ်သွားတယ်။ ဒါပေမယ့် အဲဒီနေရာက အပြင် တခြားနေရာကို့ ရွှ လို့ မရဘူး။့ ရွှ လိုက်ရင် အရေပျော်သွားမှာစိုးလို့ ။

 နောက်ဆုံး တပည့်ကတော့ ရေခဲတုံးကို ယူပြီးတနေရာကို ထွက်သွားတယ်။

အချိန်တန်တော့ တပည့်အားလုံး ဆရာဆီမှာ ပြန်ဆုံကြတာပေါ့။ ပထမတစ်ယောက်က ခေါင်းကြီးငိုက်လို့ ၊ ဒုတိယ တစ်ယောက်က ၀မ်နည်းပက်လက်ကြီးနဲ့ ၊ တတိယတစ်ယောက်က ခေါင်းကြီုးကုတ်လို့ ၊ နောက်ဆုံး တစ်ယောက်က ရေတပုံးနဲ့ ခွက်တစ်ခွက်နဲ့ ဆုံကြသတဲ့။  နောက်ဆုံးလူကလွဲလို့  တစ်ယောက်ချင်းဆီက သူတို့ ဖြစ်အင်တွေကို ပြောကြပြီး ကျန်တဲ့လူတွေက နောက်ဆုံးလူကို မေးခွန်းကိုယ်စီနဲ့ ကြည့်ကြတယ်။
ထိုလူက ဘာမှ မပြောပဲ သူ့ ရေပုန်းထဲက ရေကို တစ်ယောက်တစ်ခွက်ဆီ တိုက်လိုက်တယ်။ လူတွေလည်း စိတ်မော လူမောနဲ့ဆိုတော့ အားရပါးရ သောက်လိုက်ကြတာပေါ့။ အဲဒီမှာ နောက်ဆုံးလူကပြောလိုက်တယ် "ခင်ဗျားတို့ သောက်လိုက်တဲ့ ရေက ကျွန်တော့ ရေခဲတုံးက အရေခံထားတဲ့ရေပါ။ အဲဒီသောက်လိုက်တဲ့ အချိန်မှာ ရရှိတဲ့ ခံစားမှုဟာ ကျွန်တော်ပြောပြချင်တဲ့ အဓိပါယ်ပဲ

ကျွှန်တော်ပြော ချင်တဲ့ ပုံပြင်က ဒါပါ ဘဲ၊

 စဉ်းစားစရာက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ပထမလူကဲ့သို့ ဘ၀မှာ ဘာလုပ်ရမှန်း စဉ်းစားလိုက်ရင်းနဲ့ အချိန်ကုန်သွားတဲ့လူတွေ ရှိပါတယ်။
 ဒုတိယလူကဲ့သို့ အလောတကြီး စဉ်းစားလိုက်ကို်င်ရင်းနဲ့ ဘ၀မှာ ပုံဖော်နိုင်ခဲ့ပေမယ့် မခံစားလိုက်ရတဲ့ လူတွေလည်းရှိပါတယ်။
တတိယလူကဲ့သို့ အတွေးအခေါ်နဲ့ ပုံဖော်နိုင်ခဲ့သော်လည်း ပုံသေကားချပ်ဖြစ်ကာ အံဝင်ခွင်မကျဖြစ်သောလူလည်းရှိတယ်။
 နောက်ဆုံးလူကဲ့သို့ ဘ၀မှာ ပေးလာသော အရာပေါ် မူတည်ကာ အကောင်းဆုံးရယူနိုင်သော လူလည်းရှိပါတယ်။

ကဲ.... မိတ်ဆွေ
သင်ကော ဘယ်လိုလူလဲ။

(Written by Hein Sone)

No comments:

Post a Comment