တစ်ယောက်တည်း နေခွင့်ရသော အချိန်သည် သင်နေ့စဉ်တွေ့ကြုံနေရသော ရှုပ်ထွေးပွေလီလှသည့် ဘ၀ကို ရင်ဆိုင်နိုင်ရန် အတွက် လိုအပ်သည့် အချိန်ဖြစ်သည်။ တစ်ယောက်တည်း နေရသောအချိန် ကလေးကို စိတ်ချမ်းမြေ့စွာ အသုံးချပါ။
(၁)သီးသန့်ဘဝ
လူအများနှင့် ခေတ္တခဏ ကင်းကွာစွာ နေနိုင်သော နေရာသည် သင့်ရေချိုးခန်း တစ်ခုတည်း ဖြစ်စေလိုပါ။သင့်အခန်းဝတွငမ
(၂)စိတ်ကြိုက်စီမံခန့်ခွဲခြ
တစ်ယောက်တည်း ရှိနေခြင်းသည် သင့်ဆုံးဖြတ်ချက်ဖြင့် သင်စီမံလုပ်ကိုင်ရန် အသင့်တော်ဆုံး အချိန်ဖြစ်သည်။ သင့်မိသားစု၏ သဘောထားကို ဆန္ဒခံယူမနေပဲ သင်ကြိုက်နှစ်သက်သလို ဧည့်ခန်းမှ ပရိဘောဂများကို အထားအသို ပြောင်းကြည့်ပါ။ထို့အပြင် ခန်းဆီးများ ပြောင်းလဲ တပ်ဆင်ခြင်း၊အိမ်တွင်း တွင် ဆေးရောင်ပြောင်း၍ သုတ်ခြင်း စသည်တို့ကို ပြုလုပ်ကြည့်ပါ။
(၃) အေးငြိမ်းခြင်းသို့
ကဗျာဆရာကြီး Wordsworth က "တိတ်ဆိတ်ငြိမ်သက်ခြင်းက ခံစားမှု အာရုံများကို စုစည်းစေသည်" ဟု ဆိုထားသည်။ တကယ်တော့ စိတ်ကူးယဉ် အိမ်မက်ခြင်းကို ကဗျာဆန်ဆန် သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။ စိတ်ကူးယဉ် အိမ်မက်မက်ခြင်းသည် တန်ဖိုးရှိသော ခံစားမှုအာရုံများကို စုစည်းခြင်း တစ်မျိုးဖြစ်သည်။ မိုးဖွဲဖွဲလေးထဲတွင် လမ်းလျှောက်ခြင်းဖြင့် စိတ်ကူး စိတ်သန်းများ ရစေပြီး အနုပညာ ဈာန်ကိုလည်း ၀င်စားစေသည်။
(၄) မိမိကိုယ်ကို နှစ်သိမ့်အလိုလိုက်ရန် လိုအပ်ခြင်း
သင့် ပတ်ဝန်းကျင်တွင် မည်ကဲ့သို့သော အရာများ ရှိနေသည်ကို အချိန်ယူ၍ လှည့်လည်လေ့လာပါ။ ယခင်က နေ့စဉ် တွေ့မြင်နေရသော်လည်း သတိမထားမိသည့် အရာများကို မြင်အောင်ကြည့်ပါ။ဥပမာအားဖြ
(၅) စွမ်းဆောင်နိုင်မှုအသစ်နှင့်
သင့်မှာ ဂီတာတီးတတ်ချင်နေသော စိတ်ကလေးတိတ်တခိုး ဖြစ်ပေါ်နေပါသလား၊ မခက်ခဲလှပါ၊လမ်းညွှန် စာအုပ်ကလေးနှင့် လွတ်လပ်သော အချိန်ကလေး ရှိနေဖို့ပဲလိုပါတယ်။ သင်၏ ကွန်ပျူတာ အသစ်ကို စမ်းသတ်ကြည့်ရန် ကြောက်ရွံနေပါသလား။ထိုသို့ဆ
(၆) တစ်ယောက်တည်း လေ့ကျင့်ခန်းပြုလုပ်ပါ
အချို့သော ကျန်းမာရေး လေ့ကျင့်ခန်းများသည် သင့်ဘာသာ တစ်ဦးတည်း လေ့ကျင့်လျှင် အကောင်းဆုံးဖြစ်သည်။ ဥပမာ ရေကူးလေ့ကျင့်ခြင်းသည် သင့်ကိုသင် ရေထဲတွင် ညင်သာစွာ ကူးခတ်ရင်းဖြင့် အနှံ့အပြား ပျံ့လွင့်နေသော သင့်စိတ်ကလေးကို ထိန်းချုပ်နိုင်သည်။စက်ဘီးစ
(၇) သင့်ကိုယ်သင် လက်ခံလိုက်ပါ
တစ်ယောက်တည်း နေရခြင်း၏ ပျော်ရွင်အေးချမ်းမှုသည် လွတ်လပ်ခြင်း အပေါ်မှာ အခြေခံသည်။ သင်ပြုလုပ်ချင်သော အလုပ်များကို သင့်စံနှုန်းအတိုင်း လုပ်နိုင်ခွင့်နှင့် တစ်ခါဖြစ်ပေါ်လာသော စိတ်ကူးယဥ်ဆန္ဒ များကို လုပ်နိုင်ခွင့်များသည် လွတ်လပ်ခြင်း ဖြစ်သည်။သတင်းစာ တစ်စောင်ဖြင့် အိပ်ရာထက်မှာ သက်သောင့် သက်သာ အနားယူပါ။သွားနေကျ ကော်ဖီဆိုင်ကလေးမှာ ငြိမ့်ညောင်း သာယာသော ဂီတသံကလေးကို နားထောင်ပါ။အာလူးကြော် တစ်ထုတ်နှင့် တစ်ယောက်တည် ရုပ်ရှင်သွားကြည့်တာမျိုးလည
"တစ်ခါတစ်ရံမှာတော့ ဘ၀မှာ အကောင်းဆုံးသော အရာက တစ်ယောက်တည်း အေးအေးဆေးဆေး နေရခြင်းဖြစ်သည်" ဟူ၍ ရုပ်ရှင်မင်းသမီးကြီး ဂါဘို Garbo ပြောခဲ့ဘူးသော စကားကလည်း မှန်ကန်သင့်မြတ် လှပါသည်။
ခင်စောတင့် (အမေဆောက်ခဲ့သောရဲတိုက်ကြီး

No comments:
Post a Comment