Sunday, March 4, 2012

အိပ်မပျော်ခြင်း




ညဖက် အိပ်ရာဝင်ချိန် မတိုင်မီ လေးနာရီမှ ခြောက်နာရီအတွင်း ကဖိန်းဓာတ်ပါသော အစာ၊ အရည်များ ကို သောက်သုံး လျှင် အိပ်မပျော်နိုင် ဖြစ်တတ်ပါတယ်. . . .အရက်၊ ယမကာ စသည်တို့သည် အိပ်ပျော်စေရန် မကူညီနိုင်ပါ. . . . အရက် စသည် မူးယစ်စေတတ်သော အရာများ မှာ အစဦးပိုင်းတွင် အိပ်ပျော်စေသယောင် ဖြစ်သော်လည်း ရေရှည်တွင် အိပ်မပျော်ရုံမက စိတ်ကို ပါ ကစဥ့်ကလျား ဖြစ်စေတတ်ပါသည်.



အိပ်ရာမ၀င်ခင် ကဖိန်းဓာတ် ၅၀ရာ ခိုင် နှုန်းပါသော အစာများကို နာရီမအချိန်တွင် စားသုံးမိပါက ၁၁ နာရီ ခန့်အထိ ခန္ဓာကိုယ်က လန်းဆန်းမှုကို ရရှိနေနိုင်ပါသည်. . အဖျော်ယမကာနှင့် ဆေးဝါး တော်တော်များများတွင် ကဖိန်းဓာတ်ပါဝင်နေသောကြောင့် ၄င်းတို့ကို အိပ်ရာမ၀င်မီ မသုံးစွဲရပါ.

အိပ်ရာဝင်ချိန် မတိုင်မီ မိနစ် ၉၀ အလိုတွင် မည်သည့် အရည်၊ ရေများကို မဆို သောက်သုံးခြင်းသည် ညလယ်ပိုင်းမှာ တရေးနိုး ဆီးသွားစေနိုင်ပါသည်. . အထူးသဖြင့် သက်ကြီးပိုင်း အရွယ်များမှာ အဓိကဖြစ်တတ်ပါသည်. . .

အိပ်ခါနီးတွင် ကာယ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းမှလည်း ရှောင်ကြဉ် ရပါမည်. . . အအိပ်မှီ သုံးနာရီအတွင်းကာယ လေ့ကျင့်ခန်းပြုလုပ်သူများသည်. . . အာရုံနိုးကြားခြင်းကို တိုးမြှင့်သကဲ့သို့ ဖြစ်ပြီး အိပ်၍ မပျော်သော ဆိုးကျိုးကိုသာ ရရှိပါလိမ့်ပါမည်. . .

အိပ်ရာဝင်ခါနီး အချိန်တွင် ကာဗိုဟိုက်ဒရိတ်ဓာတ် ကြွယ်ဝသော အစားအစာများဖြစ်သည့် ပေါင်မုန့်၊ ခေါက်ဆွဲ ၊ဂျုံစပါး ကောက်နှံနှင့် ဘီစကွတ် မုန့်များစသည်ကို စားသုံးသင့်ပါသည်

No comments:

Post a Comment